 
နေပြည်တော် စက်တင်ဘာ(၂၀)။
။ရင်းနှီးမြုပ်နှံကော်မရှင်ဥက္ကဌပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း ဘိလပ်မြေ
လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်
ဥက္ကဌနှင့် ဘိလပ်မြေလုပ်ငန်းရှင်များ
တွေ့ဆုံပွဲအခမ်းအနားကို
စက်တင်ဘာလ (၂၀)ရက်၊ မွန်းလွဲ
(၁း၀၀)နာရီ တွင် နေပြည်တော်ရှိ
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ
တွေ့ဆုံ ပွဲသို့
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံကော်မရှင်ဥက္ကဌ၊
အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စု
ဝန်ကြီး ဦးစိုးသိန်း၊
အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန နှင့်
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဦးသိန်းအောင်၊
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊
ဒုတိယ ဝန်ကြီး သူရဦးသောင်းလွင်နှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ
ဘိလပ်မြေလုပ်ငန်းရှင်များ
တက်ရောက်ကြသည်။
ရှေးဦးစွာ
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဌ၊
အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့်
အမှတ်(၂)စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းမှ
အဖွင့်အမှာစကားပြောကြားရာတွင်
နိုင်ငံတော်၏စက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ပုဂ္ဂလိက လုပ် ငန်းရှင်များမှလည်း
ခေတ်နှင့်အညီ
ပြုပြင်ပြောင်းလဲဖို့လိုကြောင်း၊
ဘိလပ်မြေစက်ရုံလုပ်ငန်းရှင်များ
ရှေ့ဆက်လက် ဆောင်ရွက်ရ မည့်
လုပ်ငန်းစဉ်များသိရှိရန်၊ ဘိလပ်မြေလုပ်ငန်းရှင်များအနေဖြင့်
စက်ရုံပတ်ဝန်းကျင်ရှိ ပြည်သူများဆင်းရဲ နွမ်းပါးမှုလျော့နည်းရေး အတွက်
အထောက်အကူပြုလုပ်ငန်းများကို
အတတ်နိုင်ဆုံးကူညီဆောင်ရွက်ကြရန်နှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်
အထူးဂရုပြု စနစ်တကျ
စီမံစိုက်ပျိုးကြရန်လို ကြောင်း၊
ငွေကြေးသုံးစွဲမှု
ရင်းနှီးမြုပ်နှံမှုများကို
ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ
တိကျစွာလိုက်နာ၍
စနစ်တကျပြုစုဆောင်ရွက်ကြရန်
ပြောကြားပါသည်။
ယင်းနောက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့်
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းမှ
ငွေကြေးရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်များ
ဘိလပ်မြေလုပ်ငန်းရှင်များအနေဖြင့်
ကုန်ကြမ်းရရှိသုံးစွဲမှု
လောင်စာသုံးစွဲမှု အခြေအနေများကို
စနစ်တကျစီမံတွက်ချက်ကြမှသာ
စက်ရုံများ၏ အမှန်တကယ်လိုအပ်သော
ကုန်ကြမ်းပစ္စည်း များနှင့်
လောင်စာသုံးစွဲမှု အခြေအနေအား
နိုင်ငံတော်အနေဖြင့်
တိကျစွာစီမံဆောင်ရွက်ပေးနိုင်မည့်
အခြေအနေများကို
ရှင်းလင်း ပြောကြားပါသည်။
ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊
မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း၊
အထွေထွေမန်နေဂျာ ဦးဇော်မြင့်မှ
မြန်မာနိုင်ငံတွင် လက်ရှိ
ဘိလပ်မြေထုတ်လုပ်လျှက်ရှိသော
စက်ရုံများတွင်
အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ
ဘိလပ်မြေစက်ရုံ(သရက်)၊
ဘိလပ်မြေ စက်ရုံ(ကြံခင်း)၊
ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)၊
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ
မြိုင်ကလေး (၁) နှင့် မြိုင်ကလေး(၂)
ဘိလပ်မြေစက်ရုံ၊
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ
မန္တလေး တိုင်းဒေသကြီး၊
ကျောက်ဆည်မြို့ရှိ ဆင်မင်း(၁)နှင့်
ဆင်မင်း(၂) ဘိလပ်မြေစက်ရုံ
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ
မန္တလေးတိုင်းဒေသကြီး၊ သာစည်
မြို့နယ်ရှိ ပြည်ညောင်ဘိလပ်မြေစက်ရုံ၊
နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ
မန္တလေးတိုင်းဒေသကြီး၊ လယ်ဝေးမြို့ရှိ
တောင်ဖီလာဘိလပ်မြေစက်ရုံ၊
စုစုပေါင်း(၉)ရုံနှင့်
ပုဂ္ဂလိကလုပ်ငန်းရှင်များမှ
လက်ရှိထုတ်လုပ်လျှက်ရှိသော
ဘိလပ်မြေစက်ရုံများ မှာ
မန္တလေးတိုင်းဒေသကြီး၊
ကျောက်ဆည်မြို့ရှိ
မြန်မာဆင်ဘိလပ်မြေစက်ရုံ၊ AAA
ဘိလပ်မြေစက်ရုံနှင့်
ကျားခေါင်းဘိလပ်မြေ စက်ရုံ၊
မန္တလေးတိုင်းဒေသကြီး၊ လယ်ဝေးမြို့ရှိ
Max Myanmar ဘိလပ်မြေစက်ရုံ၊
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ
မောကိန္နရီ ဘိလပ်မြေစက်ရုံနှင့်
ရှမ်းပြည်နယ်၊ ကလောမြို့ရှိ
ပတ္တမြားနဂါးဘိလပ်မြေစက်ရုံ၊
စုစုပေါင်း(၆)ရုံ၊ ထုတ်လုပ်လျှက်ရှိရာ စုစုပေါင်း ဘိလပ်မြေ
စက်ရုံ(၁၅)ရုံတို့မှ စက်စွမ်းအားပြည့်
လည်ပတ်ထုတ်လုပ်လျှက်ရှိပါကြောင်း
တင်ပြပါသည်။
ထို့အပြင် တည်ဆောက်ပြီးစက်ရုံများအနက်
စက်စွမ်းအား ထပ်မံတိုးချဲ့ရန်
ဘိလပ်မြေစက်ရုံ (၆)ရုံမှ
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့
အဆိုပြု တင်ပြထားပါကြောင်း
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ
ခွင့်ပြူချက်ဖြင့်
ဘိလပ်မြေစက်ရုံစီမံကိန်း(၄)ခု ရှိပါကြောင်း
၎င်းတို့မှာ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (သာစည်၊ ပြည်ညောင်)
ထူးအပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းစု
ကုမ္ပဏီလီမိတက်(သာစည်၊ ပြည်ညောင်)၊
ကမ္ဘောဇစက်မှုလုပ်ငန်းလီမိတက်
(တောင်ကြီး၊ ပင်းပက်)နှင့်
ယုဇနကုမ္ပဏီလီမိတက်၏ (တနင်္သာရီ၊
သာရဘွင်)တို့ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ
စီစစ်နေဆဲ ဘိလပ်မြေစက်ရုံ(၇)ရုံမှာ
မြန်မာ ကောင်းတုံကုမ္ပဏီ(ဗန်းမော်)၊
သံတော်မြတ်ကုမ္ပဏီ(ကျောက်ဆည်)၊
တက်လူရင်းနှီးမြုပ်နှံမှု(သာစည်)၊
မင်းအနော်ရထာစက်မှု လုပ်ငန်းကုမ္ပဏီလီမိတက်
(ပင်လောင်း)၊
ငွေရည်ပုလဲသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်(နောင်ချို)၊
ညီညာ စွမ်းအား(ကလော) နှင့်
ဇွန်စက်မှု(ကျိုက်မရော)တို့
ဖြစ်ပါကြောင်း၊ ထို့အပြင်
မြန်မာန်နိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့
တည်ဆောက်ရန် အဆိုပြု ထားသော
ဘိလပ်မြေစက်ရုံ(၁၃)ရုံ
တင်ပြထားပါကြောင်း အဆိုပါ(၁၃)ရုံ မှာ
-
၁။ ဆန်းလင်းအင်တာနေရှင်နယ်
ဝိုင်းမော်၊ ကန်တော်ယန်
၂။ Jade Land Myanmar ဗန်းမော်၊
စင်းခန်း
၃။ ထွန်းသွင်မိုင်းနင်း ကလေး၊
အင်းတိုင်ကြီး
၎။ အာရှဖြိုးမိုင်းနင်း ကန့်ဘလူ၊
ဇင်းကျေးရွာ
၅။ IGE ကျောက်ဆည်၊ တောင်တော်
၆။ Group of Four Mining သာစည်၊
ပြည်ညောင်
၇။ Green Asia သာစည်၊ ပြည်ညောင်
၈။ ဧဒင်စွမ်းအင်နှင့် သဘာဝ သာစည်၊
ပြည်ညောင်
အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
၉။ တာမိုးညဲချမ်းသာကူးသန်း လာရှိုး၊
မယ်ဟန်
ရောင်းဝယ်ရေး
၁၀။ Pacific Link Cement ကျိုက်မရော၊
ကော့ပနော
၁၁။ ဇေကမ္ဘာကုမ္ပဏီ ကျိုက်မရော၊ နိတုံ
၁၂။ Farmer Phoyarzar Mining
ကျိုက်မရော၊ မရမ်းကုန်းကျေးရွာ
၁၃။ United Cement Co.,Ltd ဘားအံ၊
ကောပြင်
တို့ ဖြစ်ပါကြောင်း တင်ပြပါသည်၊၊
ထို့နောက် သတ္တုတွင်းဝန်ကြီးဌာန၊
ခေတ်တ္တ ဦးဆောင်ညွှန်ကြား ရေးမှုး၊
ဦးဌေးအောင်မှ
ပုဂ္ဂလိကလုပ်ငန်းရှင်များ၏
ဘိလပ်မြေ စက်ရုံစီမံကိန်းများအတွက်လိုအပ်သော
ကျောက်မီးသွေး၊ ထုံးကျောက်၊ သံကျောက်၊
ဂေါဒန်ကျောက်များ လိုအပ်ချက်များကို
သတ္တုတွင်းဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်းခွင့်ပြုချက်ရရှိပြီးမှသာ
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင် ရွက်ရန်
လိုအပ်ကြောင်း ရှင်းလင်းပြောကြား
ပါသည်။
ယင်းနောက် တက်ရောက်လာကြသော
ဘိလပ်မြေလုပ်ငန်းရှင်များက
မိမိတို့စက်ရုံအလိုက်
ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊
ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက်
စိုက်ပျိုးစီမံဆောင်ရွက်မှုအခြေအနေ၊
ဆင်းရဲနနွမ်းပါးမှု လျော့နည်းရေးအတွက်
ပတ်ဝန်း ကျင်ဒေသများတွင်
စီမံဆောင်ရွက်မှုများကို အသီးသီး
တင်ပြဆွေးနွေးကြရာ
ပြည်ထောင်စုဝန်ကြီးများက
လုပ်ငန်းရှင်များ၏ သိလို သည်များကို
ပြန်လည်ဖြေကြား
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း
သတင်းရရှိ ပါသည်။
|