MYANMAR   ENGLISH
ADVERTISING

ဦးစီးနှင့်လုပ်ငန်းများ

  မြန်မာ့အထည်အလိပ်လုပ်ငန်း
   မြန်မာ့စားသောက်ကုန်လုပ်ငန်း
  မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
  မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
  မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
  မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်း
     ရေးစက်မှုလုပ်ငန်း
OUR PRODUCT
 
  နောက်ဆုံးသတင်း
အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
 


၂၀၀၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုမြို့၊ ကနောင်ခန်းမ၌ CMP လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ...

ဆက်လက်ဖတ်ရှုရန်
  (21.7.08)
 
အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ

၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် ၆နာရီခွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊မဟာဂန္ဓာရုံကျောင်း တိုက်ဝင်းအတွင်း၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ဗဟို အတွင်းရေးမှူး အမှတ်(၁) စက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း နှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ဆောက်လုပ် လှူဒါန်းသော အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ အမရပူရ မြို့နယ်အသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်းမှ ဌာနခွဲမှူး ဒေါ်သီသီတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ မဟာဂန္ဓာရုံကျောင်းတိုက် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံ၊ မန္တလေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အလုပ်အမှုဆောင် ဦးတင်ထွန်းက အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်း ဆောင်သစ် စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ် ရေစက်ချအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က မဟာဂန္ဓာရုံကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒ န္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များအား သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် မဟာဂန္ဓာရုံ ကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိမှ သာဓု အနုမောဒနာ တရား ဟောကြားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့သည် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းဝင် အသင်းသားများသည် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ချောမြတ်နွယ် သုံးထပ် ကျောင်းဆောင်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ကျင်းပ ပြုလုပ်သော ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။ အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ မဟာဂန္ဓာရုံ ကျောင်းတိုက် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသထံမှ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အရှင်သူမြတ်တို့မှ ပရိတ်တရား ဟောကြားချီးမြှင့်သည်။ ယင်းနောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးနှင့် ဇနီးတို့က မဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တ ကုဏ္ဍလာဘိဝံသနှင့် မဟာနာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသတို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင် သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေး တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ် အမှုဆောင်များ၊ အသင်းဝင် များသည် တံတားဦးမြို့ ရေသဖန်း ပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း ၌ သဘာဝဘေးဒဏ်ကြောင့် ပျက်စီး သွားသော (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ်ကျောင်းတိုက်ကြီးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းတို့၏ စုပေါင်းဆောက်လုပ် ပြီးစီးသွားသော အုတ်ကျောင်းတော်ကြီး ရေစက်ချပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။ အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ရေသဖန်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စိန္တိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ကြသည်။ ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ တို့က ရေသဖန်းဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ဝါဆိုသင်္ကန်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြ၍ ဗဟုဇနဟိတဓရ ဘဒ္ဒန္တ တိက္ခမှ သာဓုအနုမောဒနာတရား ချီးမြှင့်ပြီး၊ ရေသဖန်းကျောင်း ဂေါပကဥက္ကဌ ဦးအေးကြူမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါ တံတားဦးမြို့ ရေသဖန်း ပရိယတ္တိ စာသင်ကျောင်းတိုက် (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ် ကျောင်းတိုက်သည် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ဒဏ်ကြောင့် ကျောင်းဆောင် ပျက်စီးခဲ့ပြီး၊ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း မိသားစုမှ ကျပ်သိန်း (၁၀၀) မတည်၍ ပြန်လည် ပြင်ဆင် မွမ်းမံခဲ့ပြီး၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရေစက်သွန်းချ နိုင်ခဲ့ခြင်းဖြစ်သည်။
 
သတင်းများ
 
•  Contract Signing Ceremony
• အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ် များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှု စစ်ဆေးခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း
• အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ
• ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်
• ၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်
• ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ် စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ
• တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
• ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများ အား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား
• ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့်လုပ်ငန်းဆိုင်ရာပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွား သော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့် ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှု စစ်ဆေး ခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း) ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့ အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား
• ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်-၁စက်မှုဝန်ကြီးဌာန၀န်ကြီးဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်၁စက်မှုဝန်ကြီးဌာန၊၀န်ကြီးဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော်ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ဆေး ၀ါးနှင့်အလှူငွေများထောက်ပံ့ခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များ အား ဗဟိုအတွင်းရေးမှူးအမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး
• တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား
• (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေး ချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း သည်မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်း
•  Ministry Intranet Systemကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအ နား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး
• နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက် ဆည်မြို့ ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း)ဖွင့်ပွဲ အခမ်းအ နားသို့တက်ရောက် အားပေးချီးမြှင့်ခြင်း
 
အဖွင့်စာမျက်နှာ | ပြည်တွင်းအကြောင်း | အဖွဲ့အကြောင်း | သတင်းများ | ထုတ်ကုန်များ | လုပ်ဆောင်ချက်များ | ဆက်သွယ်ရန်
© 2008 Ministry of Industry 1. All rights reserved.
simple tracking since September, 2006.