ADVERTISING

ဦးစီးနှင့်လုပ်ငန်းများ

  မြန်မာ့အထည်အလိပ်လုပ်ငန်း
   မြန်မာ့စားသောက်ကုန်လုပ်ငန်း
  မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
  မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
  မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
  မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်း
     ရေးစက်မှုလုပ်ငန်း
OUR PRODUCT
 
  နောက်ဆုံးသတင်း
အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
 


၂၀၀၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုမြို့၊ ကနောင်ခန်းမ၌ CMP လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ...

ဆက်လက်ဖတ်ရှုရန်
  (21.7.08)
 
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်

တောင်သာမြို့နယ် ရုံးတောကျေးရွာ ကျောက်တလုံးရေလှောင်တမံရိုးဖြတ် ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ၂၀၀၈ခုနှစ် ဇူလိုင်လ ၁၃ ရက် နံနက် ဂး၃၀ နာရီတွင် အဆိုပါ တံတားအနီး ရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ အခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။ ယင်းနောက် ကျေးရွာပြည်သူများကိုယ်စား ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ရုံးတောကျေးရွာ တံတားကို တောင်သာမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးစိုးစိုးရွှေ၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးသန်းဌေးအောင်နှင့် ပြည်သူ့ ဆောက်လုပ် ရေးလုပ်ငန်း၊ မြို့နယ် အင်ဂျင်နီယာ ဦးရဲဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းနှင့် တာဝန်ရှိသူများက မော်ကွန်း ကျောက်စာကို နံ့သာရည်များ ပက်ဖျန်းပေးကြပြီး တံတားသစ်ကို ကြည့်ရှု စစ်ဆေးကြသည်။ အဆိုပါ ရုံးတောကျေးရွာ တံတားကို ကျေးရွာပြည်သူများက ငွေကျပ် သိန်း ၇၀ နှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ ပစ္စည်းများ ပံ့ပိုးဖြည့်ဆည်း ပေးကာ စုစုပေါင်းငွေကျပ်သိန်း ၁၈၀အကုန်ကျခံ၍ တည်ဆောက်ခြင်းဖြစ်ပြီး ကျေးလက် နေပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း အဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းသည် နံနက် ၁၀ နာရီတွင် တောင်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးအသင်းရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် လူမှုရေး အသင်းအဖွဲ့များအား တွေ့ဆုံ၍ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်၊ နိုင်ငံ တော်၏ မူဝါဒလမ်းစဉ်(၇)ရပ် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဒေသခံပြည်သူများ၏ အမျိုးသား အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များ နှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။ ထိုမှတဆင့် ဝန်ကြီးသည် မွန်းလွဲ ၁၂း၃၀ နာရီတွင် အမှတ်(၁) မြန်မာ့ အထည်အလိပ်လုပ်ငန်း စွပ်ကျယ်စက်ရုံ(တောင်သာ) စက်ရုံခန်းမဆောင်၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ဝန်ထမ်း အသီးသီးတို့သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ခေတ်မီစက်ယန္တရားများကို ကျွမ်းကျင်ပိုင်နိုင် စွာ ကိုင်တွယ်မောင်းနှင်နိုင်ရေး အထူးကြိုးစားကြရန်၊ နိုင်ငံတော်အစိုးရအပေါ် သစ္စာစောင့်သိကြရန်၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှု ရည်မှန်းချက် အောင်မြင်အောင် တာဝန်ရှိသူ အဆင့်ဆင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ဝန်ကြီးသည် မွန်းလွဲ ၂း၃၀ နာရီတွင် မြင်းခြံမြို့ မဏိကဉ္စနာခန်းမ၌ မြင်းခြံခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများအားတွေ့ဆုံ၍ နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင် ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆက်လက်ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ ထုတ်ပြန်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက် ကြရန်တို့ကို မှာကြားခဲ့ပါသည်။
 
 
သတင်းများ
 
• အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ် များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှု စစ်ဆေးခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း
• အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ
• ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်
• ၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်
• ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ် စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ
• တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
• ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများ အား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား
• ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့်လုပ်ငန်းဆိုင်ရာပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွား သော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့် ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှု စစ်ဆေး ခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း) ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့ အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား
• ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်-၁စက်မှုဝန်ကြီးဌာန၀န်ကြီးဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်၁စက်မှုဝန်ကြီးဌာန၊၀န်ကြီးဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော်ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ဆေး ၀ါးနှင့်အလှူငွေများထောက်ပံ့ခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များ အား ဗဟိုအတွင်းရေးမှူးအမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး
• တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား
• (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေး ချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း သည်မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်း
• စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး(၁/၂၀၀၈)သို့စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်အမှာစကားပြောကြား  
•  Ministry Intranet Systemကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအ နား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး
• နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက် ဆည်မြို့ ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း)ဖွင့်ပွဲ အခမ်းအ နားသို့တက်ရောက် အားပေးချီးမြှင့်ခြင်း
 
 
အဖွင့်စာမျက်နှာ | ပြည်တွင်းအကြောင်း | အဖွဲ့အကြောင်း | သတင်းများ | ထုတ်ကုန်များ | လုပ်ဆောင်ချက်များ | ဆက်သွယ်ရန်
© 2008 Ministry of Industry 1. All rights reserved.
since September, 2006.