ADVERTISING

ဦးစီးနှင့်လုပ်ငန်းများ

  မြန်မာ့အထည်အလိပ်လုပ်ငန်း
   မြန်မာ့စားသောက်ကုန်လုပ်ငန်း
  မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
  မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
  မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
  မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်း
     ရေးစက်မှုလုပ်ငန်း
OUR PRODUCT
 
  နောက်ဆုံးသတင်း
အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
 


၂၀၀၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုမြို့၊ ကနောင်ခန်းမ၌ CMP လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ...

ဆက်လက်ဖတ်ရှုရန်
  (25.6.08)
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင် သောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှု နယ် မြေ မှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ၀န် ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင်မန္တလေးတိုင်း၊ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံး အစည်းအဝေး ခန်းမဆောင်၌ မန္တလေးတိုင်း၊ ခရိုင် (၈)ခုမှ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံ နေထိုင်နိုင်ရေး ကိစ္စရပ်များ၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်အောင် ဆောင်ရွက်နေမှု ကိစ္စရပ်များကို အမျိုးသားရေး စိတ်ဓာတ် ပြည့်ဝစွာဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ပြည်တွင်း ပြည်ပ သတင်း အချက်အလက်များနှင့် သုတစာပေ ပညာရပ်များကို ဆည်းပူး လေ့လာ၍ အရည်အသွေး၊ အရည်အချင်း ကောင်းမွန် ပြည့်ဝသော အသင်းဝင်များ အဖြစ် ဆက်လက် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။ ထိုမှတဆင့် မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေး စက်မှုဇုံရှိ မန္တလေး တော်ဝင် စက်မှုလက်မှု ကုမ္ပဏီ လီမိတက်သို့ ရောက်ရှိရာ မန္တလေး စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။ ထို့နောက် မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌသည် မန္တလေး တော်ဝင် စက်မှုလက်မှုကုမ္ပဏီ၏သံရည်ကျိုပုံလောင်း ဌာနမှ ကုန်ကြမ်းများနှင့် Steel Ball အရွယ်အစား အလိုက် ထုတ်လုပ်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မန္တလေး စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင် ၀င်းခိုင်မှ လိုက်လံရှင်းလင်း ပြသပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက အရည်အသွေး ကောင်းမွန်၍ ပြည်ပသွင်းကုန် အစားထိုး ပစ္စည်းများအဖြစ် တိုးတက် ထုတ်လုပ်ကြရန် မှာကြားသည်။ ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းသည် Forging ဌာနသို့ ရောက်ရှိပြီး Steel Ball အမာတင် မီးဖို၏ ကုန်ထုတ်လုပ်မှုနှင့် တော်ဝင် စက်မှုလက်မှုမှ တီထွင်ထုတ်လုပ်ပြီးသော အရွယ်အစားအလိုက် Steel Ball များအား လည်းကောင်း၊ Machine Shop ဌာနတွင် တော်ဝင် စက်မှုလက်မှုမှ ထုတ်လုပ်ပြသထားသော ရေစုပ်စက်၊ 3 KW(ကီလိုဝပ်)ဒိုင်နမို၊ ကြက်ဆူဆီ ကြိတ်စက် အစိတ် အပိုင်းများ၊ မော်တော်ကား ပစ္စည်းနှင့် လယ်ယာသုံး ပစ္စည်း အစိတ်အပိုင်းများအား လည်းကောင်း၊ ဆီသန့်စင်စက်၊ ရေပန့်နှင့် ကြက်ဆူဆီ ကြိတ်စက်များ၊ Water Cooling Pump၊ Pannel Box နှင့် ဒိုင်နမို တပ်ဆင်မှု၊ ကုန်ထုတ်လိုင်း တစ်လျှောက်နှင့် machine shop 2 ၏ စက်ပစ္စည်းများ၊ စက်ခုတ်စားမှု၊ တွင်ခုံ ဖောက်ခုံ စက်ကြီးများဖြင့် သံခုတ်စားနေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက ပြည်တွင်း လိုအပ်ချက် စက်ပစ္စည်း အစိတ်အပိုင်းများကို နည်းပညာ၊ အတတ်ပညာ များ ပူးပေါင်း၍ အရည်အသွေးမြင့် ပြည်ပ သွင်းကုန် အစားထိုး ပစ္စည်းများ စဉ်ဆက်မပြတ် ပိုမိုကြိုးစား ထုတ်လုပ်ကြရန် မှာကြားခဲ့သည်။ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း သည် စက်မှုလုပ်ငန်းများမှ ဦးဆောင် ညွှန်ကြားရေးမှူး များလိုက်ပါ၍ ဇွန် လ ၂၄ ရက် နံနက်ပိုင်းတွင် ကျောက် ဆည် စက်မှုဇုန် နယ်မြေရှိ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း၊ ဘိလပ် မြေ စက်ရုံသို့ ရောက်ရှိပြီး ဘိလပ် မြေ အထွက်တိုးရေးအတွက် ဆောင် ရွက်ရမည့် Clinker Burming System၊ Water Gas ပြုပြင်ရန်၊ Cement Grinding System ပြုပြင်ရန်နှင့် Air Compressor များ ပြုပြင်ရန် လိုအပ်ချက် အခြေအနေများကို မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ကဏ္ဍအလိုက် ဓာတ်ပုံ မှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် မီးသင်းဖို အတွင်းပိုင်း မီးခံအုတ် လဲလှယ်မှု အခြေအနေနှင့် မီးသင်းဖို လိုင်းတစ်လျှောက် ပြုပြင်တပ်ဆင်မှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ခန်း သို့ရောက်ရှိပြီး စက်များ လည်ပတ် ထိန်းချုပ်မှုစနစ်အား ကြည့်ရှု စစ်ဆေး၍ အရေးကြီးသည့် စက်အစိတ်အပိုင်းများကို သေချာစစ်ဆေးပြီး အမြန်ဆုံး လဲလှယ် ပြင်ဆင် ဆောင်ရွက်ကြရန် နှင့် ကုန်ထုတ်လုပ်မှု ရည်မှန်းချက် ထိခိုက်နစ်နာမှု မရှိအောင် စီမံဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းသည် နံနက် (၇)နာရီတွင် ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း၊ မှန်စက်ရုံ (စီမံကိန်း) တည်ဆောက်မည့် စီမံကိန်းနေရာသို့ ရောက်ရှိပြီး ရှေးဦးစွာ စီမံကိန်းဆိုင်ရာ အဆောက်အဦးများ၊ မြေနေရာ ချထားမှု အခြေအနေ၊ ယင်းစွဲတောင်မှ မှန်ချက်သဲ ရရှိနိုင်မှု အခြေအနေနှင့် မှန်စက်ရုံ (စီမံကိန်း) အသုံးပြုမည့် အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ရှင်းလင်းတင်ပြသည်။ ယင်းနောက် မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်)၏ ရေနှင့် လျှပ်စစ်မီး သွယ်တန်းမည့် အခြေအနေများအား ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် တာဝန်ရှိသူများက မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြပြီး ၀န်ကြီး ဦးအောင်သောင်းက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး အတွက် စတင်တည်ဆောက်မည့် အချိန်မှ စနစ်တကျ တိုင်းတာ တွက်ချက်၍ အားနည်းချက်များ မရှိအောင် စီမံဆောင်ရွက်မှုများ အကွက်ကျကျ ပေါင်းစပ် ညှိနှိုင်း လုပ်ကိုင်ကြရန် မှာကြားသည်။ အဆိုပါ မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်) အား မကြာမီ စတင် တည်ဆောက်မည် ဖြစ်ပြီး နိုင်ငံတော် အကြီး အကဲ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာပြည် အထက်ပိုင်း ကျောက်ဆည် စက်မှု နယ်မြေတွင် မှန်စက်ရုံ တည်ဆောက်နိုင်ရန် မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CHINA CAMC ENGINEERING Co.,Ltd တို့သည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ယင်းစွဲတောင်မှ တွေ့ရှိရသော သယံဇာတ ပစ္စည်းဖြစ်သည့် မှန်ချက်သဲကို အလယ်မန်ကျွန်းမှ မှန်ချက် သဲကဲ့သို့ တွေ့ရှိရ၍ ယင်းစွဲတောင်နှင့် ပုရစ်တောင်မှ ထုတ်ယူမည့် မှန်ချက်သဲ ကုန်ကြမ်းသိုက် ပမာဏမှာ ၄.၈ တန်သန်း ရှိသဖြင့် နှစ်ပေါင်း ၁၅၄ နှစ်ခန့် သုံးစွဲနိုင်မည် ဖြစ်သည်။ အဆိုပါ မှန်စက်ရုံ စီမံကိန်း ပြီးစီးပါက မှန်အကြည်၊ အရောင်မှန်၊ လွှာထပ်မှန်၊ လုံခြုံရေးမှန်၊ အန္တရာယ်ကင်းမှန်၊ ကျည်ကာမှန်၊ လေကာမှန်၊ ကြည့်မှန်၊ အဆင့်မြင့် မှန်များ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တစ်ရက်လျင် မှန်ရေ ၁၅၀ တန် ကျိုချက်နိုင်သော မှန်ရည်ကျို မီးဖိုဖြင့် တစ်ရက်လျင် မှန်ကုန်ချော ၁၁၇ တန်၊ တစ်နှစ်လျင် မှန်တန်ချိန် ၄၁၇၀၀ တန် ထုတ်လုပ်နိုင်မည့် စက်ရုံဖြစ်ကြောင်း သိရှိရပါသည်။

 
သတင်းများ
 
• အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ် များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှု စစ်ဆေးခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း
• အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ
• ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်
• ၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်
• ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ် စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ
• တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
• ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများ အား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား
• ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့်လုပ်ငန်းဆိုင်ရာပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွား သော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့် ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှု စစ်ဆေး ခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း) ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့ အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား
• ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်-၁စက်မှုဝန်ကြီးဌာန၀န်ကြီးဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်၁စက်မှုဝန်ကြီးဌာန၊၀န်ကြီးဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော်ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ဆေး ၀ါးနှင့်အလှူငွေများထောက်ပံ့ခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များ အား ဗဟိုအတွင်းရေးမှူးအမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး
• တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား
• (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေး ချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း သည်မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်း
•  Ministry Intranet Systemကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအ နား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး
• နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက် ဆည်မြို့ ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း)ဖွင့်ပွဲ အခမ်းအ နားသို့တက်ရောက် အားပေးချီးမြှင့်ခြင်း
 
 
အဖွင့်စာမျက်နှာ | ပြည်တွင်းအကြောင်း | အဖွဲ့အကြောင်း | သတင်းများ | ထုတ်ကုန်များ | လုပ်ဆောင်ချက်များ | ဆက်သွယ်ရန်
© 2008 Ministry of Industry 1. All rights reserved.
since September, 2006.