|
နေပြည်တော်၊ အောက်တိုဘာလ(၂၇)။ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသိန်းအောင်အား အောက်တိုဘာလ (၂၇) ရက်၊ နေ့လယ်(၁၃း၀၀)နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် အီတလီနိုင်ငံ ZETA Group's မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံ၍ ရင်းနှီးမြုပ်နှံနိုင်မှု အခွင့်အလမ်းများနှင့် လုပ်ထုံးလုပ်နည်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်၊
အဆိုပါ တွေ့ဆုံပွဲသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်၊ |