ADVERTISING

ဦးစီးနှင့်လုပ်ငန်းများ

  မြန်မာ့အထည်အလိပ်လုပ်ငန်း
   မြန်မာ့စားသောက်ကုန်လုပ်ငန်း
  မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
  မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
  မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
  မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်း
     ရေးစက်မှုလုပ်ငန်း
OUR PRODUCT
 
  နောက်ဆုံးသတင်း
အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
 


၂၀၀၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုမြို့၊ ကနောင်ခန်းမ၌ CMP လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ...

ဆက်လက်ဖတ်ရှုရန်
  (30.6.08)
 
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့် ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှုစစ်ဆေးခြင်း

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးညွန့်အောင်၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီအမှတ် (၂) စက္ကူစက်ရုံအနီး မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ တစ်နေ့တန် (၈၀) စက္ကူညိုနှင့် တစ်နေ့တန်(၅၀) CTMP ပျော့ဖတ် စက်ရုံ စီမံကိန်း (ရေနီ) သို့ ရောက်ရှိပြီး Bamboo Chip Preparation Plant ၀ါးဖြတ်စ ပြုပြင်ရေး ဌာန၏ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးမှု အခြေအနေ၊ သစ်ဖြတ်စပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် သစ်ပျော့ဖတ် ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးတင်အောင်ထွန်းတို့က လိုက်လံရှင်းလင်း ပြသသည်။ ဆက်လက်၍ ၀န်ကြီး ဦးအောင်သောင်းသည် သစ်ဖြတ်စ တင်ပို့လိုင်း၊ Conveyor များ တပ်ဆင်ပြီးစီးမှု အခြေအနေ၊ ၀ါးချက်အိုး နှင့် ရေဆေးဌာန၏ Blow Tank များ၊ Cooking Liquor Circulation Pump များ၊ Hot Water Tank နှင့် Heat Exchanger များ တပ်ဆင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ပျော့ဖတ်ချက်အိုး Digester (၃)လုံး တပ်ဆင်ပြီးစီးမှု၊ ရေဆိုး သန့်စင်ကန် များ၏ တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ တန် ၅၀ ပျော့ဖတ်ချက် စက်ရုံ၊ တန် ၈၀ စက္ကူညိုစက်ရုံ၊ အငွေ့ပျံ ဌာန ဓာတ်ဆားပြန်ထုတ် ဘွိုင်လာဌာန၊ ကော့စတစ်ပြန်ထုတ်ဌာန၊ ထုံးဖုတ်ဌာန၊ ဆက်စပ် အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ မြို့ပြဆိုင်ရာ အဆောက်အဦများနှင့် စက်ပစ္စည်းများ တပ်ဆင်ရာတွင် သပ်ရပ် သေချာစွာ စနစ်တကျ တပ်ဆင်ရန်နှင့် စီမံကိန်း လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားပြီး တရုတ် နိုင်ငံခြားသား ပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်ခဲ့သည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းအား မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့် အောင်မှ ရေနီ သဲဖြူ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်း ပြီးစီး မှု အခြေအနေ၊ စက်ရုံ ပတ်ဝန်းကျင်၌ စိုက်ပျိုးထားသော စက်မှုကုန်ကြမ်း စိုက်ခင်း ယူကလစ်ပင် ဧက ၂၀၀ စိုက်ပျိုးမှုနှင့် ရေဆိုး သန့်စင်ကန်မှ စွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ၀န်ကြီးနှင့် တာဝန်ရှိသူများသည် တည်ဆောက်ရေး စီမံကိန်း အဆောက်အဦပေါ်မှ တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ ၀ါးချက်အိုးနှင့် ရေဆေးဌာန၏ Vaccum Washer (၅)လုံး တပ်ဆင် ပြီးစီးမှုနှင့် White Water Tank များ တပ်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။ အဆိုပါ စက္ကူစက်ရုံ စီမံကိန်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chengda Engineering Corporation နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ စက်ရုံ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် လည်ပတ်နိုင်ပါက ကုန်ထုတ် စက္ကူညို တစ်နေ့တန် ၈၀ နှင့် သတင်းစာ ပျော့ဖတ် တစ်နေ့တန် ၅၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ပဲခူးတိုင်း၊ ဇေယျဝတီမြို့နယ်ရှိ မြန်မာ့ စားသောက်ကုန် လုပ်ငန်း ဇေယျဝတီ သကြားစက်၊ ချက်ကြံ သီးနှံစိုက်ကွင်း၊ အိုင်တုံကွန်း ကြံစိုက်ခင်းသို့ ရောက်ရှိပြီး၊ ဆင်းရွှေလီ K-88၊ K-92၊ K-93 ကြံမျိုးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးအောင်ဇော်ဦးနှင့် စိုက်ခင်း တာဝန်ခံများက လိုက်လုံရှင်းလင်း ပြသပြီး ကြံစိုက်ခင်း ၀န်ထမ်းများအား ထောက်ပံ့ကြေးငွေနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကြံစိုက်ခင်းအတွက်အသုံးပြုရန် ရေသို လှောင်ထားရှိမှု အခြေအနေနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး၌ ဆင်းရွှေလီမျိုး (၁၀)ဧကနှင့် K-88၊ K-92 (၅)ဧက ယှဉ်ပြိုင်စိုက်ကွင်းများ၌ ဖြစ်ထွန်း အောင်မြင်လျက်ရှိသော ကြံစိုက်ခင်းများအားကြည့်ရှုစစ်ဆေးပြီး ကြံအထွက်တိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစဉ်အတိုင်း စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
 
 
သတင်းများ
 
• အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန် အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ပေးမည်
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ် များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှု စစ်ဆေးခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း
• အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ
• ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်
• ၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်
• ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ် စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ
• တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
• ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများ အား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား
• ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့်လုပ်ငန်းဆိုင်ရာပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွား သော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့် ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှု စစ်ဆေး ခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း) ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့ အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင် သောင်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား
• ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်-၁စက်မှုဝန်ကြီးဌာန၀န်ကြီးဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ဗဟိုအတွင်းရေးမှူး၊အမှတ်၁စက်မှုဝန်ကြီးဌာန၊၀န်ကြီးဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော်ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ဆေး ၀ါးနှင့်အလှူငွေများထောက်ပံ့ခြင်း
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှု ရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များ အား ဗဟိုအတွင်းရေးမှူးအမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး
• တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
• အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား
• (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေး ချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း သည်မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်း
•  Ministry Intranet Systemကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအ နား
•  အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင် စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး
• နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက် ဆည်မြို့ ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း)ဖွင့်ပွဲ အခမ်းအ နားသို့တက်ရောက် အားပေးချီးမြှင့်ခြင်း
 
 
အဖွင့်စာမျက်နှာ | ပြည်တွင်းအကြောင်း | အဖွဲ့အကြောင်း | သတင်းများ | ထုတ်ကုန်များ | လုပ်ဆောင်ချက်များ | ဆက်သွယ်ရန်
© 2008 Ministry of Industry 1. All rights reserved.
since September, 2006.