| |
|
|
တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ |
|
(၂၄)ကြိမ်မြောက်တောင်သာမြို့နယ်အသင်း(ရန်ကုန်) နှစ်ပတ်လည်အစည်းအဝေး နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၃၀-၃-၂၀၀၈)ရက်နေ့ နံနက် ၈နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပသည်။ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာ ခင်မောင်ဆွေနှင့် အသင်းနာယက
ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်းဗဟိုအတွင်းရေးမှူးအမှတ်(၁)စက်မှုဝန်ကြီးဌာန
ဝန်ကြီး ဦးအောင်သောင်းတို့က
အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၀၇
ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
ဂုဏ်ထူးဖြင့်အောင်မြင်ကြသော
ခြောက်ဘာသာဂုဏ် ထူးရှင်တစ်ဦး၊
ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊
လေးဘာသာဂုဏ်ထူးရှင်သုံးဦး၊
သုံးဘာသာဂုဏ်ထူးရှင်သုံးဦး၊
နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့်
တစ်ဘာသာဂုဏ်ထူးရှင်နှစ်ဦးတို့အား
အသင်းနာယကဝန်ကြီးဦးအောင်သောင်း၊
ဇနီးဒေါ်ခင်ခင်ရီမိသားစုနှင့် တာဝန်ရှိသူ
များကဂုဏ်ပြုဆုများချီးမြှင့်ကြသည်။
ဆက်လက်၍ အလှူရှင်
၃၇ဦးကစုစုပေါင်းငွေကျပ်
၁၈၅၆၀၀၀ကိုပေးအပ်လှူဒါန်းကြသည်။
ထို့နောက်တောင်သာမြို့နယ် အသင်း(ရန်ကုန်)
အတွင်းရေးမှူးဦးသန်းအောင်က
အလုပ်အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့်
ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားတင်
သွင်း၍ အစည်းအဝေး၏အတည်ပြုချက်ရယူကြသည်။
ယင်းနောက် အသင်းဥက္ကဌက
နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်း
အနားကိုရုတ်သိမ်းလိုက်သည်။ အလားတူ
စတုတ္ထအကြိမ်မြို့သစ်မြို့နယ်အသင်း(ရန်ကုန်)
နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာ
ရည်ချွန်ဆုပေးပွဲအခမ်းအနားကို
ဆက်လက်ကျင်းပရာ
မြို့သစ်မြို့နယ်အသင်း(ရန်ကုန်) ဥက္ကဌ
ဒုတိယဗိုလ်မှူးကြီးကြည်ဝင်း(ငြိမ်း)နှင့်
ဂုဏ်ထူးဆောင်နာယက
အမှတ်(၁)စက်မှုဝန်ကြီးဌာနဝန်ကြီး
ဦးအောင်သောင်းတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၀၇ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲတွင်
ထူးချွန်စွာအောင်မြင်ကြသော
လေးဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့်
တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့အား
ဂုဏ်ထူးဆောင်နာယက
ဝန်ကြီးဦးအောင်သောင်းနှင့်အလှူရှင်များက
ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ကြသည်။
ထို့နောက် အသင်းအတွင်းရေးမှူး
ဦးခင်မောင်မြင့်က
အလုပ်အမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့်
ဘဏ္ဍာရေး အစီရင်ခံစာများကိုတင်ပြပြီး
အစည်းအဝေး၏အတည်ပြုချက်ရယူကြသည်။
ယင်းနောက်
အသင်းဥက္ကဌက နိဂုံးချုပ်အမှာစကား
ပြောကြားပြီး
အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
|
|
|
|